Mi 5X vs Mi A1 vs Red Mi 5plus

Mi 5X vs Mi A1 vs Red Mi 5plus ၂၅၀၀၀၀ - ၃၀၀၀၀၀ ဝန်းကျင် ဖုန်းတစ်လုံးလောက် Xioami ထဲက ဝယ်ဖို့စဉ်းစားရင် ရွေးစရာရှိလာတဲ့ model ၃ခု အကြောင်းလေး ပြောချင်လို့ပါ။ ကိုယ်တိုင်လည်း စဉ်းစားတဲ့အခါမှာ အတော်လေး တွေဝေရပါတယ်။ Mi 5X နဲ့ Mi A1 နဲ့ဆို လုံးဝတူနေပြီး ဈေးက ၆သောင်း လောက် ကွာတယ်။ Red mi 5 plus ကလည်း full view display နဲ့ အတော်လှလို့ လိုချင်စရာလေး။ အဲ့တော့ ဘာတွေကွာလဲ ကြည့်ရအောင်။ Mi 5X ပေါ်ပဲ အခြေခံပြီးပြောသွားပါမယ်။ ပထမဆုံး Mi 5X နဲ့ Mi A1 ဘာတွေကွာလဲပေါ့။ ဖုန်း၂ လုံးက ဒီဇိုင်းကစလို့ CPU, GPU, RAM , ROM ,Camera နောက်ဆုံး အလေးကချိန်ကစ တူတူပါပဲ။ Camera မှာကတော့ Rear 12Mp dual camera တူတူပါပဲ။ ကွာတာ Mi 5X မှာ Digital Zoom ပဲပါပြီးတော့ Mi A1 မှာ Optical Zoom 2ဆ နဲ့ Digital Zoom 10ဆ ပါဝင်ပါတယ်။ ဖုန်း ၂လုံးစလုံးမှာ CPU က Snapdragon 625, RAM က 4Gb, internal memory 64 Gb ဖြစ်တာကြောင့် တော်ရုံ ဂိမ်းလောက်ကို ပေါ့ပေါ့ပါးပါးကစားနိုင်ပါတယ်။ ပုံမှန် Internet, Social media app တွေလောက်နဲ့ Phone, messaging အတွက်ကတော့ စ...