Mi 5X vs Mi A1 vs Red Mi 5plus
Mi 5X vs Mi A1 vs Red Mi 5plus
၂၅၀၀၀၀ - ၃၀၀၀၀၀ ဝန်းကျင် ဖုန်းတစ်လုံးလောက် Xioami ထဲက ဝယ်ဖို့စဉ်းစားရင် ရွေးစရာရှိလာတဲ့ model ၃ခု အကြောင်းလေး ပြောချင်လို့ပါ။ ကိုယ်တိုင်လည်း စဉ်းစားတဲ့အခါမှာ အတော်လေး တွေဝေရပါတယ်။ Mi 5X နဲ့ Mi A1 နဲ့ဆို လုံးဝတူနေပြီး ဈေးက ၆သောင်း လောက် ကွာတယ်။ Red mi 5 plus ကလည်း full view display နဲ့ အတော်လှလို့ လိုချင်စရာလေး။ အဲ့တော့ ဘာတွေကွာလဲ ကြည့်ရအောင်။
Mi 5X ပေါ်ပဲ အခြေခံပြီးပြောသွားပါမယ်။
ပထမဆုံး Mi 5X နဲ့ Mi A1 ဘာတွေကွာလဲပေါ့။
ဖုန်း၂ လုံးက ဒီဇိုင်းကစလို့ CPU, GPU, RAM , ROM ,Camera နောက်ဆုံး အလေးကချိန်ကစ တူတူပါပဲ။
Camera မှာကတော့ Rear 12Mp dual camera တူတူပါပဲ။ ကွာတာ Mi 5X မှာ Digital Zoom ပဲပါပြီးတော့ Mi A1 မှာ Optical Zoom 2ဆ နဲ့ Digital Zoom 10ဆ ပါဝင်ပါတယ်။ ဖုန်း ၂လုံးစလုံးမှာ CPU က Snapdragon 625, RAM က 4Gb, internal memory 64 Gb ဖြစ်တာကြောင့် တော်ရုံ ဂိမ်းလောက်ကို ပေါ့ပေါ့ပါးပါးကစားနိုင်ပါတယ်။ ပုံမှန် Internet, Social media app တွေလောက်နဲ့ Phone, messaging အတွက်ကတော့ စိတ်ပူစရာကို မလိုပါဘူး။ screen ကလည်း 5.5 လက်မ၊ GPU Adreno 506 အတူတူပါပဲ။ ဂိမ်းကစားခြင်းနဲ့ ရုပ်ထွက်ပိုင်းမှာ ၂ခုစလုံးကောင်းမွန်ပါတယ်။ အဲ့ဒီလောက်တူနေရင် ဘာကွာတာလဲပေါ့။
Mi 5X က MIUI ကိုသုံးထားပြီ MI A1 က pure Android(Android One) ကိုသုံးထားတာပါပဲ။ Mi logo ရဲ့အောက်မှာ Android One လို့ပါပါတယ်။ ဒါကြောင့် MI A1 မှာ Mi ဖုန်းတွေမှာတွေနေကြ Feature တွေ ( dual app, second space,.....) တွေ့ရမှာမဟုတ်သလို Mi ဖုန်းတွေရဲ့ တွေ့မြင်နေကြပုံနဲ့မတူဘဲ Sony, Samsung စတဲ့ ဖုန်းတွေမှာတွေ့ရလေ့ရှိတဲ့ ရိုးရှင်းတဲ့ Android ရဲ့ ပုံစံကိုသာ တွေ့မြင်ရမှာဖြစ်ပါတယ်။ Google service တွေကို အခက်အခဲမရှိ သုံးနိုင်မှာဖြစ်ပေမယ့်လို့ မြန်မာစာကတော့ Unicode ပဲ default အနေနဲ့ပါဝင်ပြီး MIUI ပါတဲ့ဖုန်းတွေလို အလွယ်တကူ Font ပြောင်သုံးလို့မရပါဘူး။ ဒါကြောင့် ရိုးရိုးရှင်းရှင်းသုံးချင်သူများ၊ ခုမှ Mi ကိုစသုံးမယ် ဒါပေမယ့် ရှုပ်ရှုပ်ထွေးထွေး မလေ့လာချင်ရင် Mi A1 ကိုရွေးသင့်ပါတယ် font ကတော့ ဝယ်တဲ့ဆိုင်က အဆင်ပြေအောင်လုပ်ပေးပါလိမ့်မယ်။
Mi 5X ကတော့ MIUI နဲ့ဖြစ်ပါတယ်။ သူ့မှာတော့ Xiaomi ရဲ့ Features တွေအကုန်ပါပါတယ်။ ဖောင့်အမျိုးမျိုး၊Themes အမျိုးမျိုး ပြောင်းသုံးနိုင်တယ်။ Motion, Guster တွေပိုကောင်းမယ်။ Dual app, Second space, One handed-UI စတာတွေအစုံအလင်ပါလို့ ကလိလို့ကောင်းပါတယ်။ Mi ဖုန်းစကိုင်သူတွေအနေနဲ့ကတော့ နဲနဲလေး လေ့လာရတာ ရှုပ်ထွေးပေမယ့် မကြာခင် ရင်းနှီးသွားမှာပါ။ သူ့ပြဿနာက ခုချိန်ထိ Global rom မရသေးတာပါ။ China Rom ပဲရှိသေးတာကြောင့် Google service တွေမှာ အဆင်မပြေမှုလေးတွေရှိတတ်ပါတယ်။ နောက်ပိုင်းမှာ global ထုတ်ပေးရင် အဆင်ပြေသွားမှာပါ။
ဒါကြောင့် Mi 5X နဲ့ Mi A1 ဟာ Pure Android နဲ့ MIUI ပဲကွာတာပါလို့။ နှစ်သက်ရာရွေးနိုင်ပါတယ်။
Redmi 5 နဲ့ရော ဘာတွေများကွာလဲပေါ့။
MI 5X နဲ့ Redmi 5,5plus နဲ့က Design နဲ့ Camera ကွာပါတယ်။ Redmi 5, 5 plus က Dual Camera မဟုတ်ပါဘူး။ Mi 5X က Dual camera ပါ။ Camera အသုံးများသူတွေက Mi 5X ကိုရွေးသင့်ပါတယ်။ နောက်ထပ် သိသာတာကတော့ Design ဖြစ်ပါတယ်။ Redmi 5, 5 plus က Full View Display (screen ဘေးက ဘောင် မရှိသလောက် ကျဉ်းပါတယ်။) ပါပါတယ်။ Screen ရဲ့ထောင့်စွန်းလေးတွေက အဝိုက်လေးတွေဖြစ်တာကြောင့် ပုံမှန်နဲ့မတူတဲ့ ချစ်စဖွယ် ခံစားမှုလေးကို တွေမြင်ရမှာပါ။ ပြီးတော့ Redmi 5 plus ရဲ့ screen က Mi 5X ထက်ကြီးတဲ့ 5.99 inch မှာ 403ppi (Mi 5X မှာက 401ppi)၊ Redmi 5 မှာက 5.77 inch နဲ့ ဖြစ်တာကြောင့် ဂိမ်းကစားလိုသူ။ ရုပ်ရှင်ကြည့်လိုသူ screen ကြီးကြီးလိုသူများအတွက် ပိုသင့်တော်ပါတယ်။ Battery က Redmi 5 plus မှာ 4000mah ဖြစ်သွားပါတယ်။ ဒါပေမယ့်လို့ ပိုကြိးတဲ့ Screen ပါဝင်တာကြောင့် သိပ် ထူးခြားပြီး မကွာလောက်ဘူးလို့ ယူဆပါတယ်။ ဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်းမှာကတော့ သုံးထားတဲ့ CPU, GPU, ROM, RAM ပမာဏတွေ တူတူပဲဖြစ်ပါကြောင့် ထူးခြားပြီးမကွာပါဘူး။ MIUI ချင်းတူတူသုံးထားပေမယ့်လို့ Redmi 5plus မှာ google service တွေ အဆင်ပြေပြေသုံးနိုင်တဲ့ global Rom ရှိပါတယ်။
Camera ကောင်းကောင်းလည်း လိုချင်တယ်။ Features စုံစုံလင်လင်နဲ့ ကလိချင်တဲ့သူတွေက MI 5X ကိုရွေးသင့်ပါတယ်။
Camera ကောင်းကောင်းတော့ သုံးချင်တယ် အာရုံမနောက်ချင်ဘူး ရိုးရိုးရှင်းရှင်းပဲဆိုရင်ကတော့ Mi A1 ကိုရွေးပါ။
ရုပ်ရှင်ကြည့်မယ်၊ ဂိမ်းကစားမယ်၊ Screen ကြီးကြီးနဲ့ ဖုန်းလှလှလေးကို လိုချင်ရင်တော့ Redmi 5, 5 plus ကို ရွေးလိုက်ပါ။
Comments
Post a Comment